တရုတ်နိုင်ငံ၊ ချုံချင့်မြို့၊ ဖုန်ဆွေခရိုင်၊ ဟန့်ကျားလမ်းမပေါ်တွင် ဇူလိုင် ၁၇ ရက်က တောင်ပြိုမှုဖြစ်ပွားပြီး လူအများအပြား ပိတ်မိပျောက်ဆုံးခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းများမှာ တတိယမြောက်နေ့သို့ ရောက်ရှိလာပြီး စက်ယန္တရားများနှင့် လူအင်အား ပေါင်းစပ်၍ အစွမ်းကုန် ရှာဖွေကယ်ဆယ်လျက်ရှိကြောင်း သိရသည်။ အခင်းဖြစ်ပွားရာ ကယ်ဆယ်ရေးကွပ်ကဲမှုဌာနသည် အသက်ဘေးမှ လွတ်မြောက်နိုင်ခြေရှိသည့် ရွှေရောင်ကာလအတွင်း အမိအရ ကယ်တင်နိုင်ရေး စနစ်တကျ အစီအစဉ်ဆွဲ ဆောင်ရွက်နေပြီး ကျောက်တုံးကြီးများ ဖယ်ရှားကာ နက်ရှိုင်းသော ရှာဖွေမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် ဘေးအန္တရာယ်ရှိသော နေရာများမှ အနီးအနားရှိ ပြည်သူ ၁,၁၀၀ ကျော်ကိုလည်း ဟိုတယ်များနှင့် အခြားဘေးလွတ်ရာ နေရာများသို့ စုစည်း၍ ဘေးကင်းစွာ ရွှေ့ပြောင်းနေရာချပေးထားကြောင်း သိရသည်။
တရုတ်နိုင်ငံ ချုံချင့်မြို့ ဖုန်ဆွေခရိုင် တောင်ပြိုမှု၌ ကယ်ဆယ်ရေးလုပ်ငန်း တတိယမြောက်နေ့သို့ ရောက်ရှိလာပြီး အစွမ်းကုန် ရှာဖွေရေးများ ဆက်လက်လုပ်ဆောင်
Jul 20 • 10:39 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


