back

မြန်မာအမျိုးသားဘော်လီဘောအသင်း (၆) ကြိမ်မြောက် အရှေ့တောင်အာရှဘော်လီဘောဖလားပြိုင်ပွဲတွင် (၃) ပွဲစလုံး ရှုံးနိမ့်ပြီး အဆင့် (၆) ရရှိ

Jul 20 • 10:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာအမျိုးသားဘော်လီဘောအသင်း (၆) ကြိမ်မြောက် အရှေ့တောင်အာရှဘော်လီဘောဖလားပြိုင်ပွဲတွင် (၃) ပွဲစလုံး ရှုံးနိမ့်ပြီး အဆင့် (၆) ရရှိ

ဖိလစ်ပိုင်နိုင်ငံ၊ ကွန်ဒွန်မြို့၌ ဇူလိုင် ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အရှေ့တောင်အာရှဘော်လီဘောဖလားပြိုင်ပွဲ (6th SEA V Cup) တွင် မြန်မာအမျို...

ဖိလစ်ပိုင်နိုင်ငံ၊ ကွန်ဒွန်မြို့၌ ဇူလိုင် ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အရှေ့တောင်အာရှဘော်လီဘောဖလားပြိုင်ပွဲ (6th SEA V Cup) တွင် မြန်မာအမျိုးသားလက်ရွေးစင် ဘော်လီဘောအသင်း ယှဉ်ပြိုင်ခဲ့ရာ (၃) ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး အဆင့် (၆) နေရာသာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသို့ ဒေသတွင်း ထိပ်သီး ၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းသည် အုပ်စုပွဲစဉ်များတွင် ထိုင်းနှင့် ဗီယက်နမ်တို့အား (၃) ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သလို အဆင့် (၅) နေရာလုပွဲတွင်လည်း အိမ်ရှင်ဖိလစ်ပိုင်အသင်းကို ရလဒ် (၃) ပွဲပြတ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် အင်ဒိုနီးရှားကို ဗိုလ်လုပွဲ၌ (၃-၂) ပွဲဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘောဒီးယားအသင်းက ရွှေတံဆိပ် ဆွတ်ခူးခဲ့ပြီး အင်ဒိုနီးရှားက ငွေတံဆိပ်၊ ထိုင်းက ကြေးတံဆိပ်၊ ဗီယက်နမ်က အဆင့် (၄) နှင့် ဖိလစ်ပိုင်က အဆင့် (၅) အသီးသီး ရရှိခဲ့ကြသည်။

news-view-count-icon

20