back

မကြာမီ ဖွင့်လှစ်တော့မည့် ဝဇီရာရုပ်ရှင်ရုံတွင် အပတ်စဉ် မြန်မာ့ရိုးရာ ရုပ်သေးပွဲများ ပြသနိုင်တော့မည်

Jul 20 • 10:25 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မကြာမီ ဖွင့်လှစ်တော့မည့် ဝဇီရာရုပ်ရှင်ရုံတွင် အပတ်စဉ် မြန်မာ့ရိုးရာ ရုပ်သေးပွဲများ ပြသနိုင်တော့မည်

မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သော ဝဇီရာရုံ၌ ရုပ်ရှင်၊ ဂီတ၊ စာပေနှင့် ဇာတ်သဘင် ဖျော်ဖြေပွဲများအပြင် မြန်မာ့ရိုးရာ ရုပ်သေးပွဲများကိုပါ တစ်ပတ်လျှင် တစ...

မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သော ဝဇီရာရုံ၌ ရုပ်ရှင်၊ ဂီတ၊ စာပေနှင့် ဇာတ်သဘင် ဖျော်ဖြေပွဲများအပြင် မြန်မာ့ရိုးရာ ရုပ်သေးပွဲများကိုပါ တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် ထည့်သွင်းပြသခွင့် ရရှိတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောကြားခဲ့သည်။ အဆိုပါ ပြောကြားချက်ကို ရန်ကုန်မြို့တွင် ကျင်းပသည့် "မြန်မာ့ရိုးရာယဉ်ကျေးမှုအမြင့်သဘင်၊ မြန်မာ့ရုပ်သေးစကားဝိုင်း အထူးဆွေးနွေးပွဲ" ၌ ရုပ်သေးပညာရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ဆွေးနွေးပွဲသို့ ရုပ်သေး၊ စာပေနှင့် အနုပညာနယ်ပယ်အသီးသီးမှ ပညာရှင်များ တက်ရောက်ကာ မြန်မာ့ရုပ်သေးပညာ ရေရှည်တည်တံ့ပြန့်ပွားရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

20