back

ပုဂံရှိ သဗ္ဗညုဘုရား အရံစေတီ စိန်တန်းများကြားတွင် ပုဂံခေတ် အရိုးတံပါ သံကွင်း ၁၁ ကွင်း ဖော်ထုတ်တွေ့ရှိ

Jul 20 • 10:22 AM

breaking-news

မြန်မာ

မန္တလေး

cover

ပုဂံရှိ သဗ္ဗညုဘုရား အရံစေတီ စိန်တန်းများကြားတွင် ပုဂံခေတ် အရိုးတံပါ သံကွင်း ၁၁ ကွင်း ဖော်ထုတ်တွေ့ရှိ

ကမ္ဘာ့အမွေအနှစ် ပုဂံဒေသ၊ သဗ္ဗညုဘုရား စတုတ္ထပစ္စယံရှိ အရံစေတီအနီး ပျက်စီးနေသော စိန်တန်းများကို ပြုပြင်ရန် ဆောင်ရွက်စဉ် အပေါ်အင်္ဂတေအတွင်းဘက် အုတ်ခဲများကြားမှ အရိ...

ကမ္ဘာ့အမွေအနှစ် ပုဂံဒေသ၊ သဗ္ဗညုဘုရား စတုတ္ထပစ္စယံရှိ အရံစေတီအနီး ပျက်စီးနေသော စိန်တန်းများကို ပြုပြင်ရန် ဆောင်ရွက်စဉ် အပေါ်အင်္ဂတေအတွင်းဘက် အုတ်ခဲများကြားမှ အရိုးတံပါ သံကွင်း စုစုပေါင်း ၁၁ ကွင်းကို မြှုပ်နှံထားသည့်ပုံစံအတိုင်း ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။ အဆိုပါ တွေ့ရှိမှုသည် မြန်မာနှင့် တရုတ် ထိန်းသိမ်းရေးပညာရှင်များ ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ၎င်းနေရာရှိ အုတ်များနှင့် အင်္ဂတေသရွတ်များကို သုတေသနပြု စိစစ်ကြည့်ရာ ပုဂံခေတ် အုတ်သရွတ်များဖြစ်ကြောင်း တွေ့ရှိရသည်။ ပုဂံခေတ် ဂူပုထိုးများဖြစ်သည့် အာနန္ဒာ၊ ဓမ္မရံကြီး၊ အပါယ်ရတနာ၊ နန်းဘုရားနှင့် ဂူပြောက်ကြီး (မြင်းကပါ) တို့တွင်လည်း သံကွင်းများ မြှုပ်နှံအသုံးပြုခဲ့သည့် သုတေသနအထောက်အထားများ ရှိခဲ့ဖူးပြီး၊ ယခု သဗ္ဗညုဘုရားမှ တွေ့ရှိရသည့် သံကွင်းများကိုလည်း ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ကြောင်း အတည်ပြုနိုင်ရန် စစ်ဆေးရေးအဖွဲ့များထံ ပို့ဆောင်ထားကြောင်း သိရသည်။

news-view-count-icon

23