အာဆင်နယ်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် နောက်ကျောဒဏ်ရာရရှိခဲ့၍ ၅ လခန့် အနားယူရမည်ဖြစ်သည့် နောက်ခံလူ ဆာလီဘာ၏နေရာတွင် အစားထိုးရန်အတွက် မန်စီးတီးနောက်ခံလူဟောင်း ဂျွန်စတုန်းစ်ကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။ အသက် ၃၂ နှစ်အရွယ် ဂျွန်စတုန်းစ်သည် မန်စီးတီးနှင့် လမ်းခွဲထားပြီး အသင်းလက်မဲ့ဖြစ်နေသဖြင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်ရာ အာဆင်နယ်က စိတ်ဝင်စားနေခြင်းဖြစ်သည်။ ထို့ပြင် အာဆင်နယ်အသင်းသည် အက်စတွန်ဗီလာမှ ကွန်ဆာနှင့် ချယ်လ်ဆီးအသင်းကပါ ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ခရစ္စတယ်ပဲလေ့စ်မှ ပြင်သစ်နောက်ခံလူ လာခရွာတို့ကိုပါ အစားထိုးရန် ကစားသမားများအဖြစ် ပစ်မှတ်ထား စီစဉ်လျက်ရှိကြောင်း သိရသည်။
ဒဏ်ရာရသွားသည့် ဆာလီဘာ၏နေရာအတွက် အာဆင်နယ်အသင်းက ဂျွန်စတုန်းစ် အပါအဝင် နောက်ခံလူသစ်များ ခေါ်ယူရန် ပစ်မှတ်ထား
Jul 20 • 10:21 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


