ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်း ထိုင်းနိုင်ငံသားများကို အမည်ခံ (Nominees) အဖြစ် အသုံးပြုကာ ဘတ် ၆၃၃ သန်းတန်ဖိုးရှိ မြေကွက်များကို တရားမဝင် ပိုင်ဆိုင်ထားသည့် သံသယဖြစ်ဖွယ် ကုမ္ပဏီကွန်ရက်များကို ရဲတပ်ဖွဲ့က အင်အား ၂၅၀ ကျော်ဖြင့် နေရာ ၁၈ ခုအား ဝင်ရောက်ရှာဖွေ ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ၇ ဦးအပါအဝင် နိုင်ငံခြားသားများနှင့် ထိုင်းနိုင်ငံသား စုစုပေါင်း ၂၂ ဦးကို ဖမ်းဝရမ်းထုတ်ထားရာ လက်ရှိတွင် မြန်မာနိုင်ငံသား ၃ ဦးနှင့် အိန္ဒိယနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၅ ဦးကို ဖမ်းဆီးရမိထားပြီး ဖြစ်သည်။ ခရီးသွားလုပ်ငန်း အားကောင်းသည့် ခရိုင်များ၌ နိုင်ငံခြားသားများအတွက် ထိုင်းနိုင်ငံသားများကို အမည်ခံ ကိုယ်စားလှယ်အဖြစ် အသုံးပြုကာ စီးပွားရေးလုပ်ဆောင်မှုကို "ကိုဖငန်းမော်ဒယ်" စစ်ဆင်ရေးဖြင့် ဆက်လက် နှိမ်နင်းသွားမည်ဖြစ်ကြောင်း သိရသည်။
Jul 20 • 10:20 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


