back

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ဖမ်းဆီးရိုက်နှက်ခံရသည့် တိုင်းရင်းသား ဆင်ထိန်း ဦးထွန်းအီအတွက် တရားမျှတမှု ရရှိရန် ဇနီးဖြစ်သူက ရဲတပ်ဖွဲ့ထံ အသနားခံစာ တင်သွင်း

Jul 20 • 10:19 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ဖမ်းဆီးရိုက်နှက်ခံရသည့် တိုင်းရင်းသား ဆင်ထိန်း ဦးထွန်းအီအတွက် တရားမျှတမှု ရရှိရန် ဇနီးဖြစ်သူက ရဲတပ်ဖွဲ့ထံ အသနားခံစာ တင်သွင်း

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မယ့်တန်မြို့နယ်ရှိ ဆင်ဥယျာဉ်တစ်ခုမှ တိုင်းရင်းသား ဆင်ထိန်း ဦးထွန်းအီသည် ဇူလိုင်လ ၁၄ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် ဒဏ်...

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မယ့်တန်မြို့နယ်ရှိ ဆင်ဥယျာဉ်တစ်ခုမှ တိုင်းရင်းသား ဆင်ထိန်း ဦးထွန်းအီသည် ဇူလိုင်လ ၁၄ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် ဒဏ်ရာအပြင်းအထန်ဖြင့် ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန်နှင့် တရားမျှတမှုရရှိရန်အတွက် ၎င်း၏ဇနီးဖြစ်သူက လွှတ်တော်အမတ်တစ်ဦး၏ အကူအညီဖြင့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ချင်းမိုင်ခရိုင် ရဲချုပ်ကြီးထံ အသနားခံစာ ပေးအပ်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူများမှာ အမှတ် ၃၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးတစ်ဦး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ငါးဦးဖြစ်ပြီး ၎င်းတို့အား အာဏာအလွဲသုံးစားမှုဖြင့် ပဏာမ အမှုဖွင့်ထားကာ အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (NACC) သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စွပ်စွဲခံရသည့် ရဲတပ်ဖွဲ့ဝင်များက စွပ်စွဲချက်များကို ငြင်းဆိုထားကြပြီး၊ ဒဏ်ရာရသူ ဦးထွန်းအီမှာလည်း ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် သတိမရသေးဘဲ ဆေးကုသမှု ခံယူနေရဆဲဖြစ်ရာ ၎င်း၏မိသားစုမှာလည်း စားဝတ်နေရေး အခက်အခဲများနှင့် ရုန်းကန်နေရကြောင်း သိရသည်။

news-view-count-icon

17