တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချူံကင်းခရိုင်၌ ဇူလိုင် ၁၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၃၄ ဦးအား ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် တရုတ် မိုးလေဝသအာဏာပိုင်အဖွဲ့က ဇူလိုင် ၁၉ ရက်နေ့တွင် နိုင်ငံတောင်ပိုင်းဒေသများ၌ မိုးကြီးနိုင်ကြောင်း ထပ်မံသတိပေးထားပြီး၊ ယူနန်နှင့် ချူံကင်းဒေသတို့တွင် တောင်ပေါ်ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကာ ဘေးအန္တရာယ်ရှိသော နေရာများမှ ပြည်သူများကို အရေးပေါ် ရွှေ့ပြောင်းပေးရနိုင်ကြောင်း ဆိုသည်။ လက်ရှိတွင် မိုးသည်းထန်မှုကြောင့် ရှန်ဟိုင်း-ကူမင်း ရထားလမ်းကြောင်းရှိ ခရီးသည်တင်ရထားအချို့ကို ရပ်ဆိုင်းထားရသလို ယူနန်ပြည်နယ်ရှိ ကျားခုန်ချောက်အပါအဝင် ရှုခင်းသာနေရာများစွာကိုလည်း ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
တရုတ်နိုင်ငံ ချူံကင်းမြို့တွင် မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၃၄ ဦးအား ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး တောင်ပိုင်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းမှုများ ထပ်မံဖြစ်ပေါ်နေ
Jul 20 • 10:09 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


