back

ပီရူးနိုင်ငံတွင် ပြင်းအား ၅ ဒဿမ ၁ အပါအဝင် ငလျင်နှစ်ကြိမ်လှုပ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရ

Jul 20 • 10:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပီရူးနိုင်ငံတွင် ပြင်းအား ၅ ဒဿမ ၁ အပါအဝင် ငလျင်နှစ်ကြိမ်လှုပ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရ

ပီရူးနိုင်ငံ၊ လီမာမြို့၏ အရှေ့ဘက် ဂျူနင်ဒေသ၊ ချူပါကာပြည်နယ်၌ စနေနေ့ညပိုင်းက ပြင်းအား ၅ ဒဿမ ၁ နှင့် ၃ ဒဿမ ၇ ပမာဏရှိ ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့မှုကြောင့် ...

ပီရူးနိုင်ငံ၊ လီမာမြို့၏ အရှေ့ဘက် ဂျူနင်ဒေသ၊ ချူပါကာပြည်နယ်၌ စနေနေ့ညပိုင်းက ပြင်းအား ၅ ဒဿမ ၁ နှင့် ၃ ဒဿမ ၇ ပမာဏရှိ ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ ပြည်သူ့ကာကွယ်ရေး အကြီးအကဲ လူဝီ ဗတ်စ် ကေးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ငလျင်ကြောင့် ဒေသတွင်း ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည့် အိမ်ခြေ ၄၈ လုံး ပျက်စီးကာ ၁၈ လုံး ထိခိုက်ခဲ့သဖြင့် ဘေးသင့်ပြည်သူ ၃၀၀ ခန့်ကို ယာယီတဲများ ထောက်ပံ့ပေးထားရကြောင်း သိရသည်။ လက်ရှိတွင် အရေးပေါ်အဖွဲ့များနှင့် မီးသတ်သမားများက အပျက်အစီးများကို ရှင်းလင်းလျက်ရှိပြီး အပျက်အစီးများအောက်တွင် ထိခိုက်ဒဏ်ရာရသူများ ပိတ်မိနေနိုင်သေးသည်ဟု စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

news-view-count-icon

13