မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အာဆီယံ၏ လက်ရှိ ဆောင်ရွက်ချက်များအပေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်အချို့၏ ဇူလိုင်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်သည် ထင်ယောင်ထင်မှားဖြစ်စေသော ထုတ်ပြန်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က ပြန်လည်တုံ့ပြန် ထုတ်ပြန်လိုက်သည်။ စီဘူးမြို့၌ ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ လမ်းညွှန်ချက်၊ တူညီဆန္ဒ (၅) ရပ်တို့နှင့်အညီ ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးသည် ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေးအတွက် အပြုသဘောဆောင် ထိတွေ့ဆက်ဆံခြင်းသာဖြစ်ပြီး တူညီဆန္ဒ (၅) ရပ်ကို စွန့်လွှတ်လိုက်ခြင်း မဟုတ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် တူညီဆန္ဒ (၅) ရပ်ကို အဓိကမူအဖြစ် ဆက်လက်ကိုင်စွဲထားပြီး၊ တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ဆက်လက်ထိတွေ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ ထုတ်ပြန်ချက်အပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က ပြန်လည်ရှင်းလင်း ထုတ်ပြန်
Jul 20 • 10:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


