back

U12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ ပဏာမ ကစားသမားများ ထပ်မံ စိစစ်ရွေးချယ်

Jul 20 • 10:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

U12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ ပဏာမ ကစားသမားများ ထပ်မံ စိစစ်ရွေးချယ်

ဂျပန်နိုင်ငံတွင် ကျင်းပမည်ဖြစ်သော U12 Junior Soccer World Challenge 2026 ပြိုင်ပွဲဝင် မြန်မာ ယူ-၁၂ လက်ရွေးစင်အသင်းအတွက် ဒုတိယအဆင့် ပဏာမကစားသမား ရွေးချယ်ပွဲကို ဇ...

ဂျပန်နိုင်ငံတွင် ကျင်းပမည်ဖြစ်သော U12 Junior Soccer World Challenge 2026 ပြိုင်ပွဲဝင် မြန်မာ ယူ-၁၂ လက်ရွေးစင်အသင်းအတွက် ဒုတိယအဆင့် ပဏာမကစားသမား ရွေးချယ်ပွဲကို ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ရန်ကုန်အမျိုးသားဘောလုံးအကယ်ဒမီ၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်သည်။ အဆိုပါ ရွေးချယ်ပွဲတွင် ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်က ပထမအဆင့် ရွေးချယ်ထားသည့် ကစားသမား ၁၃ ဦးနှင့် ရန်ကုန်/မန္တလေး ဘောလုံးအကယ်ဒမီများမှ ယူ-၁၂ ကစားသမားများကို စုစည်းကာ ထပ်မံစိစစ်ခဲ့ခြင်းဖြစ်ပြီး၊ ရွေးချယ်ခံရသည့် ပဏာမကစားသမားစာရင်းကို ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။ ယင်းနောက် ရွေးချယ်ခံရသူများကို ဇူလိုင် ၂၅ ရက်မှစ၍ လေ့ကျင့်ရေးစခန်း ခေါ်ယူကာ စခန်းသွင်းလေ့ကျင့်ပြီးမှ ဂျပန်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အပြီးသတ် ကစားသမားစာရင်းကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

21