မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများနှင့် မြို့ပေါ်ရပ်ကွက်များမှ စားအုန်းဆီအရောင်းဆိုင်များ၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိတို့ကို တာဝန်ရှိသူများက ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပြီးနောက် စားအုန်းဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားအုန်းဆီများ ရောင်းချရာတွင် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း စနစ်တကျ ရောင်းချကြရန်နှင့် ဈေးနှုန်း အဓမ္မမြှင့်တင်ရောင်းချခြင်း မပြုကြရန်အတွက် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေး
Jul 20 • 10:02 AM
မြန်မာ
မကွေး
မျှဝေမည်
| 17 | 0 | 0 | 0 |


