စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ စားအုန်းဆီရောင်းချပေးမှုကို အိမ်ထောင်စုတစ်စုလျှင် ၂ ပိဿာနှုန်းဖြင့် ဇူလိုင်လ ၂၀ ရက်နေ့အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။



