back

ရှမ်းပြည်နယ်၊မူဆယ်မြို့ ကောင်းမှုးတုံရပ်ကွက်တွင် မြေပြိုကျ၍ ပိမိနေသည့် အမျိုးသမီးတစ်ဦးအား မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ထုတ်နိုင်ခဲ့

Jul 20 • 9:59 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊မူဆယ်မြို့ ကောင်းမှုးတုံရပ်ကွက်တွင် မြေပြိုကျ၍ ပိမိနေသည့် အမျိုးသမီးတစ်ဦးအား မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ထုတ်နိုင်ခဲ့

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုးတုံရပ်ကွက်၊ ဟိုးနားနယ်မြေ၊ မြို့ရှောင်လမ်းတွင် ယနေ့ (ဇူလိုင် ၂၀ ရက်) နံနက် ၉ နာရီခွဲခန့်က မြေပြိုကျမှုဖြစ်ပွားပြီး အဆောက်အဦပ...

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုးတုံရပ်ကွက်၊ ဟိုးနားနယ်မြေ၊ မြို့ရှောင်လမ်းတွင် ယနေ့ (ဇူလိုင် ၂၀ ရက်) နံနက် ၉ နာရီခွဲခန့်က မြေပြိုကျမှုဖြစ်ပွားပြီး အဆောက်အဦပေါ်သို့ ပိကျခဲ့ရာ အမျိုးသမီးတစ်ဦး၏ ခြေထောက်အောက်ပိုင်း ပိမိသွားခဲ့ကြောင်း သိရသည်။ သတင်းရရှိသည်နှင့် မူဆယ်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီခွဲအချိန်တွင် အဆိုပါအမျိုးသမီးအား ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းမှ မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူနိုင်ရန် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

24