မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာ၌ သမိုင်းဝင် တောင်ပြုံး ဆုတောင်းပြည့်-ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးအရှင်နှစ်ပါးပွဲတော်ကို လာမည့် ဩဂုတ်လ ၂၁ ရက်မှ ၂၈ ရက် (၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက်) အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တောင်ပြုံးနယ်မြေဒေသ၏ အခြေအနေမှာ အေးချမ်းတည်ငြိမ်လျက်ရှိသဖြင့် ပွဲတော်ကာလအတွင်း ဘုရားဖူးပြည်သူများ၊ ရိုးရာဓလေ့ ယုံကြည်သူများနှင့် ဈေးသည်များ စိတ်အေးချမ်းသာစွာ လာရောက်နိုင်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းရရှိသည်။
Jul 20 • 9:40 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 20 | 0 | 0 | 0 |


