back

တနင်္သာရီတိုင်း၊ ထားဝယ်ဈေးကွက်တွင် ရေထွက်ကုန်ဈေးနှုန်းများ မြင့်တက်နေ

Jul 20 • 3:54 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊ ထားဝယ်ဈေးကွက်တွင် ရေထွက်ကုန်ဈေးနှုန်းများ မြင့်တက်နေ

တနင်္သာရီတိုင်း၊ထားဝယ်ဈေးကွက်အတွင်း ယခုသီတင်းပတ်အတွင်း တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အများစု ဈေးနှုန်းအနည်းငယ် ကျဆင်းသွားသော်လည်း ရေထွက်ကုန်ပစ္စည်းများနှင့် ကြက...

တနင်္သာရီတိုင်း၊ထားဝယ်ဈေးကွက်အတွင်း ယခုသီတင်းပတ်အတွင်း တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အများစု ဈေးနှုန်းအနည်းငယ် ကျဆင်းသွားသော်လည်း ရေထွက်ကုန်ပစ္စည်းများနှင့် ကြက်သွန်နီဈေးနှုန်းများမှာမူ သိသိသာသာ မြင့်တက်လျက်ရှိကြောင်း သိရသည်။ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ ပေါက်ဈေးများနှင့် ဇူလိုင်လ ၁၉ ရက်နေ့ ပေါက်ဈေးများကို နှိုင်းယှဉ်ပါက တိုင်းပြင်ပမှဝင်သည့် ဆန်အမျိုးအစားများဖြစ်သော အကယ်ဒမီအစိမ်းတစ်အိတ်လျှင် ကျပ် ၂,၀၀၀၊ အကယ်ဒမီနွေဖြူသန့်တစ်အိတ်လျှင် ကျပ် ၆,၅၀၀ နှင့် ချန်ပီယံဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃,၀၀၀ ဝန်းကျင် ဈေးပြန်ကျလာခြင်း ဖြစ်သည်။

သို့သော် ရေထွက်ကုန်ဈေးကွက်တွင် ငါးနှင့် ပုစွန်ဈေးနှုန်းများမှာမူ တစ်ပတ်အတွင်း သိသိသာသာ မြင့်တက်သွားသည်။ငါးဒွန်းခြင်းပြားတစ်ပိဿာလျှင် ကျပ် ၂,၀၀၀၊ ပါတူး (ခေါ်) ငါးလုံးငါးတစ်ပိဿာလျှင် ကျပ် ၁,၀၀၀၊ ငါးကွန်းရှပ်ကြီးတစ်ပိဿာလျှင် ကျပ် ၅,၀၀၀ နှင့် ပုစွန်ချောတစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ အထိ ဈေးမြင့်တက်သွားခဲ့ပြီး လက်ရှိတွင် ပုစွန်ချောတစ်ပိဿာလျှင် ကျပ် ၆၀,၀၀၀ အထိ ပေါက်ဈေးရှိနေသည်။ ထို့ပြင် ကြက်သွန်နီဈေးနှုန်းမှာလည်း တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၅၀၀ ထပ်မံမြင့်တက်ကာ တစ်ပိဿာလျှင် ၆,၀၀၀ ကျပ်အထိ ရှိလာကြောင်း သိရသည်။

news-view-count-icon

21