back

စင်ကာပူတွင် အလုပ်ရှင်၏ လုံခြုံရေးသေတ္တာအတွင်းမှ နှစ်နှစ်တိုင်တိုင် ငွေခိုးယူပြီး ဖိလစ်ပိုင်အိမ်အကူအမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ

Jul 20 • 3:52 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် အလုပ်ရှင်၏ လုံခြုံရေးသေတ္တာအတွင်းမှ နှစ်နှစ်တိုင်တိုင် ငွေခိုးယူပြီး ဖိလစ်ပိုင်အိမ်အကူအမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ

စင်ကာပူနိုင်ငံတွင် အသက် ၄၁ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသူ အိမ်အကူအမျိုးသမီးတစ်ဦးသည် ၎င်း၏အလုပ်ရှင်နေအိမ်ရှိ ကတ်ဘိနက်အတွင်း သိမ်းဆည်းထားသော လုံခြုံရေးသေတ္တာ (Safe...

စင်ကာပူနိုင်ငံတွင် အသက် ၄၁ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသူ အိမ်အကူအမျိုးသမီးတစ်ဦးသည် ၎င်း၏အလုပ်ရှင်နေအိမ်ရှိ ကတ်ဘိနက်အတွင်း သိမ်းဆည်းထားသော လုံခြုံရေးသေတ္တာ (Safe) ထဲမှ စင်ကာပူဒေါ်လာ ၅ သိန်းကျော် (ဖိလစ်ပိုင်ပီဆို ၂၃ သန်းခန့်) ကို နှစ်နှစ်တာကာလအတွင်း အကြိမ်ကြိမ် ခိုးယူခဲ့မှုဖြင့် စင်ကာပူတရားရုံးက ထောင်ဒဏ် ၃ နှစ်နှင့် ၈ လ ချမှတ်လိုက်သည်။ အဆိုပါအိမ်အကူသည် ခိုးယူရရှိသော ငွေကြေးများကို ဖိလစ်ပိုင်နိုင်ငံရှိ ၎င်း၏မွေးရပ်မြေသို့ လွှဲပြောင်းကာ ကွန်ဒိုမီနီယံတိုက်ခန်း နှစ်ခန်း၊ မော်တော်ကား သုံးစီးနှင့် အခြားပိုင်ဆိုင်မှုများစွာကို ဝယ်ယူခဲ့ကြောင်း သိရသည်။

တရားရုံးမှတ်တမ်းများအရ ၎င်းသည် အလုပ်ရှင်ဖြစ်သူ လုံခြုံရေးသေတ္တာဖွင့်စဉ် စကားဝှက် (Password) ကို ချောင်းမြောင်းမှတ်သားခဲ့ပြီးနောက် အလုပ်ရှင်များ အိမ်တွင်မရှိခိုက် ငွေများကို တစ်ကြိမ်လျှင် ဒေါ်လာသောင်းချီ၍ ခိုးယူခဲ့ခြင်းဖြစ်သည်။ အလုပ်ရှင်မိသားစုသည် လုံခြုံရေးသေတ္တာအတွင်းမှ ငွေများ ပုံမှန်လျော့နည်းနေသည်ကို သတိပြုမိပြီးနောက် အိမ်တွင်းလျှို့ဝှက်ကင်မရာ တပ်ဆင်စောင့်ကြည့်ရာမှတစ်ဆင့် ၎င်း၏ခိုးယူမှုကို လက်ပူးလက်ကျပ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ခိုးယူထားသော ငွေကြေးအများစုကို ဖိလစ်ပိုင်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီးဖြစ်သဖြင့် အလုပ်ရှင်ထံ ပြန်လည်ပေးလျော်နိုင်ခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။

news-view-count-icon

11