မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၂၀ ရက် ယနေ့နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်ထက် ပေဝက် (၆ လက်မ) ခန့် ကျော်လွန်ရောက်ရှိနေသည်။ သို့သော် အဆိုပါမြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားသည်။ မိုးဇလအနေဖြင့် မြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသည့် ကာလအတွင်း မဒေါက်မြို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။
Jul 20 • 3:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 45 | 0 | 0 | 0 |


