back

မန္တလေးတွင် အမျိုးသမီးတစ်ဦး သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

Jul 20 • 3:07 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတွင် အမျိုးသမီးတစ်ဦး သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ရွှေလရောင်ဝင်းအတွင်းရှိ RC သုံးထပ်တိုက်ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဇူလိုင်လ ၁၉ ရက် နံနက် ...

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ရွှေလရောင်ဝင်းအတွင်းရှိ RC သုံးထပ်တိုက်ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဇူလိုင်လ ၁၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်က ဖြစ်ပွားခဲ့သည်။ ပြုတ်ကျသေဆုံးသူမှာ အသက် ၅၂ နှစ်အရွယ် အိမ်အကူအမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၄) နယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

32