back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကြက်ဥတစ်လုံး ကျပ် ၇၀၀ အထိ ဈေးနှုန်းမြင့်တက်နေ

Jul 20 • 2:27 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကြက်ဥတစ်လုံး ကျပ် ၇၀၀ အထိ ဈေးနှုန်းမြင့်တက်နေ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ လက်လီအိမ်ဆိုင်များတွင် ကြက်ဥတစ်လုံးလျှင် ကျပ် ၅၀၀ မှ ၇၀၀ အထိ (၁၀ လုံးလျှင် ၅,၅၀၀ ကျပ်မှ ၇,၀၀၀ ကျပ်အထိ) အရွယ်အစားအလိ...

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ လက်လီအိမ်ဆိုင်များတွင် ကြက်ဥတစ်လုံးလျှင် ကျပ် ၅၀၀ မှ ၇၀၀ အထိ (၁၀ လုံးလျှင် ၅,၅၀၀ ကျပ်မှ ၇,၀၀၀ ကျပ်အထိ) အရွယ်အစားအလိုက် ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းကြောင့် အခြေခံစားသုံးသူ ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ကြက်ဥသည် နေ့စဉ်မပါမဖြစ် ဝယ်ယူစားသုံးရသည့် အခြေခံစားသောက်ကုန်ဖြစ်ပြီး၊ ယခုကဲ့သို့ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် မိသားစုဦးရေများပြားသည့် အိမ်ထောင်စုများတွင် စားသောက်စရိတ် ပိုမိုမြင့်မားလာကာ ချွေတာသုံးစွဲနေရကြောင်း ပြောကြားသည်။ဥစားကြက် မွေးမြူရေးလုပ်ငန်းရှင်များ၏ ပြောပြချက်အရ မိုးရာသီကာလဖြစ်သဖြင့် ကြက်ခြံများတွင် အပူချိန်ထိန်းညှိရန် မီးသွေးကဲ့သို့သော ပစ္စည်းများကို ပိုမိုအသုံးပြုနေရသည့်အပြင် အဓိကသွင်းအားစုများဖြစ်သည့် ကြက်စာ၊ ကာကွယ်ဆေးနှင့် ကြက်အားတိုးဆေးများကို ပြည်ပမှ တင်သွင်းနေရခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံတွင် ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အဆိုပါမွေးမြူရေး သွင်းအားစုပစ္စည်းများ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး ဈေးနှုန်းများပါ ကြီးမြင့်လာခြင်းကြောင့် ကြက်ဥဈေးနှုန်း လိုက်ပါမြင့်တက်လာရခြင်း ဖြစ်သည်။လက်ရှိတွင် သွင်းအားစုအရင်းအနှီး ကြီးမားလာမှုကြောင့် ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ အရေအတွက် နည်းပါးလာနေပြီး၊ ကြက်စာနှင့် ဆက်စပ်ပစ္စည်းများ ဈေးနှုန်းထပ်မံမြင့်တက်ကာ ကြက်ဥဈေးနှုန်းများ ယခုထက် ပိုမိုကြီးမြင့်လာမည်ကိုလည်း စားသုံးသူပြည်သူများက စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

46