back

ကချင်ပြည်နယ်၊ဖားကန့်တွင် ဥရုချောင်းရေကြီးမှုကြောင့် နေအိမ်များ ရေနစ်မြှုပ်ပျက်စီးပြီး ပြည်သူများ ရေဘေးကြုံတွေ့နေရ

Jul 20 • 2:28 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊ဖားကန့်တွင် ဥရုချောင်းရေကြီးမှုကြောင့် နေအိမ်များ ရေနစ်မြှုပ်ပျက်စီးပြီး ပြည်သူများ ရေဘေးကြုံတွေ့နေရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့က ဥရုချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိ လူနေအိမ်များ ရေနစ်မြှုပ်ကာ အချို့အိမ်မျ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့က ဥရုချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိ လူနေအိမ်များ ရေနစ်မြှုပ်ကာ အချို့အိမ်များ လှဲကျပျက်စီးမှုများ ရှိခဲ့သည်။ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ငှက်ပျောတော၊ အေးမြသာယာ၊ မှော်ဝမ်း၊ မရှီကထောင်နှင့် ဆန်းကြွယ်စသည့် ဒေသများမှ ပြည်သူများသည် ရေဘေးအန္တရာယ်ကို ဆိုးရွားစွာ ကြုံတွေ့နေကြရသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လကုန်ပိုင်းအထိ မိုးကြီးပြီး ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများ ရေဘေးအန္တရာယ်ကို အထူးသတိပြုကြရန် သတိပေးထုတ်ပြန်ထားသည်။

news-view-count-icon

26