စပိန်အသင်း၏ တိုက်စစ်ကစားသမား လာမင်း ယာမားလ် (Lamine Yamal) သည် ယူရိုနှင့် ကမ္ဘာ့ဖလား ချန်ပီယံဆုနှစ်ခုစလုံးကို ဆယ်ကျော်သက်အရွယ်ဖြင့် ဆွတ်ခူးနိုင်သည့် သမိုင်းတစ်လျှောက် ပထမဆုံးသော ကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့သည်။ ယာမားလ်သည် ယူရို-၂၀၂၄ ချန်ပီယံဆုကို အသက် ၁၇ နှစ်အရွယ်ဖြင့် လည်းကောင်း၊ ယခု ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို အသက် ၁၉ နှစ်အရွယ်ဖြင့် လည်းကောင်း ဆယ်ကျော်သက်အရွယ်အတွင်းမှာပင် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လက်ရှိသက်တမ်းအတွင်း စပိန်အသင်းနှင့် ဆုဖလား ၂ လုံး၊ ဘာစီလိုနာအသင်းနှင့် ဆုဖလား ၆ လုံးအထိ ရရှိထားပြီဖြစ်သည်။၂၀၂၆ ကမ္ဘာ့ဖလားရရှိခဲ့သည့် စပိန်အသင်းတွင် ဆယ်ကျော်သက်ကစားသမားနှစ်ဦး ပါဝင်ခဲ့ရာ နောက်ခံလူ ကူဘာဆီ (Pau Cubarsí) လည်း ပါဝင်ခဲ့ပြီး ၎င်းက ပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော် ကူဘာဆီသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ရွေးချယ်ခံခဲ့ရခြင်းမရှိသဖြင့် ယာမားလ်ကဲ့သို့ စံချိန်မျိုးနှင့် လွဲချော်ခဲ့ရသည်။ စပိန်အသင်းသည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် ပေါ်တူဂီကိုလည်းကောင်း၊ ဗိုလ်လုပွဲတွင် အာဂျင်တီးနားကိုလည်းကောင်း ကျော်ဖြတ်ခဲ့ရသဖြင့် ယာမားလ်အနေဖြင့် ကမ္ဘာ့အကောင်းဆုံးကစားသမားများဖြစ်ကြသည့် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ကို အနိုင်ယူကာ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း တင်စားပြောဆိုနေကြသည်။
စပိန်ကြယ်ပွင့် ယာမားလ် ယူရိုနှင့် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆယ်ကျော်သက်အရွယ်ဖြင့် ရယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်
Jul 20 • 2:23 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


