back

လာအိုနိုင်ငံ၊ဗန်ဗီယန်းတွင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ သေဆုံးမှုအပေါ် လာအိုအစိုးရ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြား

Jul 20 • 2:20 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံ၊ဗန်ဗီယန်းတွင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ သေဆုံးမှုအပေါ် လာအိုအစိုးရ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြား

လာအိုနိုင်ငံ၌ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ဗန်ဗီယန်း (Vang Vieng) ကမ္ဘာလှည့်ခရီးသည်အပန်းဖြေမြို့လေး၌ မက်သနော (Methanol) အဆိပ်သင့် အယ်လ်ကိုဟော သောက်သ...

လာအိုနိုင်ငံ၌ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ဗန်ဗီယန်း (Vang Vieng) ကမ္ဘာလှည့်ခရီးသည်အပန်းဖြေမြို့လေး၌ မက်သနော (Methanol) အဆိပ်သင့် အယ်လ်ကိုဟော သောက်သုံးမိခြင်းကြောင့် နိုင်ငံတကာခရီးသည် ၆ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပထမဆုံးအကြိမ် တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ကွယ်လွန်သူများ၏ မိသားစုဝင်များက ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးခွင့် (Autopsies) မပြုခဲ့ကြသဖြင့် သေဆုံးရသည့် တရားဝင်အကြောင်းရင်းနှင့် မည်သူ့တွင် တာဝန်ရှိသည်ကို အတိအကျ သက်သေပြရန် ခက်ခဲနေကြောင်း လာအိုအာဏာပိုင်များက ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် ကျန်းမာရေးဝန်ကြီးဌာန၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ ဖြစ်စဉ်အတွင်း အသုံးပြုခဲ့သည့် "Tiger Vodka" အရက်အမျိုးအစားတွင် လူကိုသေစေနိုင်သော မက်သနောဓာတ်များ အလွန်အမင်း မြင့်မားစွာ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ကြောင့် အာဏာပိုင်များသည် အဆိုပါ Tiger အရက်ချက်စက်ရုံပိုင်ရှင်အား "ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသော ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချမှု" နှင့် "တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု" တို့ဖြင့် တရားစွဲဆိုထားသည်။ ထို့အပြင် အမေရိကန်ခရီးသည် တည်းခိုခဲ့ပြီး သေဆုံးချိန်တွင် အလောင်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည့် ဟိုတယ်ပိုင်ရှင်နှင့် ဝန်ထမ်း ၁၀ ဦးကိုလည်း "သက်သေဖျက်ဆီးမှု" ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

news-view-count-icon

10