ထိုင်းနိုင်ငံ၊ နခွန်ရက်ချာစီမာခရိုင်၊ ချော့ချိုင်မြို့နယ်ရှိ Wat Bing ဘုန်းကြီးကျောင်း ဝါဆိုပွဲတော်အတွက် ကမ္ဘာကျော် K-Pop စတား လီဆာ (Lisa) ၏ ရုပ်သွင်ကို စိတ်ကူးပုံဖော်၍ ရုပ်တုများ ထုလုပ်နေကြသည်။ဒေသခံ ပန်းပုပညာရှင်များက နတ်သား၊ နတ်သမီးနှင့် ဟိမဝန္တာ ကိန္နရီရုပ်တုများတွင် လီဆာ၏ မျက်နှာပေါက်နှင့် ဆံပင်ကေပုံစံကို ထည့်သွင်းပုံဖော်ထားခြင်း ဖြစ်သည်။ အဆိုပါ ထူးခြားသည့် ရုပ်တုကြီးကို လာမည့် ဇူလိုင်လ ၂၈ ရက်တွင် ကျင်းပမယ့် ချော့ချိုင်ဝါဆိုပွဲတော်တွင် အပြီးသတ်ပြသသွားမည်ဖြစ်ရာ ဒေသခံရွာသားများ စိတ်လှုပ်ရှားလျက်ရှိသည်။
ထိုင်းဘုန်းကြီးကျောင်း ဝါဆိုပွဲတော် နတ်သမီးရုပ်တုများတွင် လီဆာ (Lisa) ၏ မျက်နှာကိုပါ ထည့်သွင်းထုလုပ်ထား
Jul 20 • 2:19 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


