back

ထိုင်းနိုင်ငံရှိ ဘန်ကောက်အိမ်မီးလောင်မှုမှ လွတ်မြောက်လာသည့် ကြောင် ၁၇ ကောင်အတွက် မွေးစားမည့်သူ ရှာဖွေနေ

Jul 20 • 2:17 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံရှိ ဘန်ကောက်အိမ်မီးလောင်မှုမှ လွတ်မြောက်လာသည့် ကြောင် ၁၇ ကောင်အတွက် မွေးစားမည့်သူ ရှာဖွေနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Soi Somdet Phra Chao Taksin 11 ရှိ ကြောင်အကောင်ရေ ၁၀၀ ကျော် မွေးမြူထားသည့် နေအိမ်တစ်လုံး ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကြောင်ချစ...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Soi Somdet Phra Chao Taksin 11 ရှိ ကြောင်အကောင်ရေ ၁၀၀ ကျော် မွေးမြူထားသည့် နေအိမ်တစ်လုံး ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကြောင်ချစ်တတ်သည့် သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး မီးခိုးမွှန်၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။ အဆိုပါမီးလောင်မှုကြောင့် ကြောင် ၇၃ ကောင် သေဆုံးခဲ့ပြီး ၁၉ ကောင် ရှင်ကျန်ခဲ့ရာ ဒဏ်ရာရသည့် ၂ ကောင်မှာ တိရစ္ဆာန်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။ဘေးလွတ်ရာသို့ ကယ်တင်နိုင်ခဲ့သည့် ကျန်ကြောင် ၁၇ ကောင်ကိုမူ ဘန်ကောက်မြို့တော်စည်ပင် တိရစ္ဆာန်ထိန်းသိမ်းရေးစင်တာ (ပရာဝက် ခွေးနှင့်ကြောင်ဂေဟာ) သို့ ပြောင်းရွှေ့စောင့်ရှောက်ထားသည်။ အဆိုပါ ကြောင်လေးများကို မွေးစားလိုသူများရှိပါက ဖုန်းနံပါတ် 02-328-7460 သို့ ဆက်သွယ်မွေးစားနိုင်ကြောင်း ဘန်ကောက်မြို့တော်ဝန်က အသိပေးပြောကြားထားသည်။

news-view-count-icon

16