တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ လွင်ပြင်ကျယ်တစ်ခုတွင် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသည့် ယူနန်နှာခေါင်းတိုမျောက် (Yunnan snub-nosed monkey) အကောင်ရေ ၃၆၀ ကျော် အုပ်စုလိုက် အတူတကွ ဖြတ်သန်းသွားလာနေကြသည်ကို ဗီဒီယိုမှတ်တမ်း ရိုက်ကူးမိခဲ့ကြောင်း သိရသည်။အဆိုပါ နို့တိုက်သတ္တဝါများသည် သစ်ပင်ထက်တွင်သာ အနေများပြီး လူမြင်မခံလိုဘဲ ရှက်တတ်သည့် သဘာဝရှိကာ၊ များသောအားဖြင့် သစ်ပင်အမြင့်ပိုင်း (သစ်တောအုပ်အမိုးအကာ) တွင်သာ ပုန်းကွယ်နေထိုင်လေ့ရှိကြသဖြင့် ယခုကဲ့သို့ လွင်ပြင်တွင် အုပ်စုအပြုံလိုက် တွေ့ရခြင်းမှာ ထူးခြားသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။



