back

ရှမ်းပြည်နယ်တစ်ခုလုံးတွင် ခရမ်းရောင်မိုးဇုန်လွှမ်းမိုးပြီး မိုးသည်းထန်စွာရွာနိုင်၍ ရေကြီးမြေပြိုမှု သတိပြုရန်လို

Jul 20 • 2:13 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တစ်ခုလုံးတွင် ခရမ်းရောင်မိုးဇုန်လွှမ်းမိုးပြီး မိုးသည်းထန်စွာရွာနိုင်၍ ရေကြီးမြေပြိုမှု သတိပြုရန်လို

မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၁ ရက်မှ ၂၄ ရက်အတွင်း ရှမ်းပြည်နယ်တစ်ခုလုံးတွင် မိုးသည်းထန်စွာရွာသွန်းနိုင်သည့် “ခရမ်းရောင်ဇုန်” လွှမ်းမိုး...

မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၁ ရက်မှ ၂၄ ရက်အတွင်း ရှမ်းပြည်နယ်တစ်ခုလုံးတွင် မိုးသည်းထန်စွာရွာသွန်းနိုင်သည့် “ခရမ်းရောင်ဇုန်” လွှမ်းမိုးလာမည်ဖြစ်သည်။ စိုစွတ်သောမုတ်သုံလေကြောင့် တောင်တန်းမြှင့်တင်မိုးများ နေ့စဉ်ရက်ဆက်ရွာသွန်းနိုင်ပြီး ၇ ရက်အတွင်း ရှမ်းတောင်တွင် မိုးရေချိန် ၁၆၀ မီလီမီတာခန့်၊ ရှမ်းမြောက်တွင် ၁၂၀ မှ ၂၀၀ မီလီမီတာကြား ရှိနိုင်သည်။ အထူးသဖြင့် ရှမ်းအရှေ့တွင် ဇူလိုင်လ ၂၄ ရက်ဝန်းကျင်၌ မိုးရေချိန် ၂၅၀ မီလီမီတာအထက်အထိ စံချိန်တင်များပြားကာ ခရမ်းရင့်ရောင်နှင့် အနက်ရောင်သန်းသည့် အရောင်ဇုန်အထိ ရောက်ရှိနိုင်သည်။မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ရှိ ကျိုင်းတုံ၊ တာချီလိတ်နှင့် ရှမ်းမြောက်ရှိ လားရှိုး၊ ကျောက်မဲလမ်းပိုင်းတို့တွင် ရုတ်တရက်ရေကြီးခြင်းနှင့် တောင်ကျချောင်းရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် မန္တလေး-လားရှိုးနှင့် တောင်ကြီး-ကျိုင်းတုံ စသည့် တောင်တန်းလမ်းပိုင်းများနှင့် တောင်စောင်းအနီး နေထိုင်သူများအနေဖြင့် ဇူလိုင်လ ၂၁ ရက်မှ လကုန်အထိ မြေပြိုခြင်း၊ လမ်းပဲ့ခြင်းနှင့် ကျောက်တုံးပြုတ်ကျခြင်းအန္တရာယ်များကို အထူးသတိပြုရန် လိုအပ်သည်။

news-view-count-icon

33