menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

တရုတ်နိုင်ငံ၏ အစီရင်ခံစာသစ်တွင် ကမ္ဘာလုံးဆိုင်ရာ AI ဖွံ့ဖြိုးတိုးတက်ရေး အလားအလာသစ်များကို ထုတ်ပြန်ဖော်ပြ

Jul 20 • 2:10 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

မျှဝေမည်

share-news
cover

တရုတ်နိုင်ငံ၏ အစီရင်ခံစာသစ်တွင် ကမ္ဘာလုံးဆိုင်ရာ AI ဖွံ့ဖြိုးတိုးတက်ရေး အလားအလာသစ်များကို ထုတ်ပြန်ဖော်ပြ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေးတွင် တရုတ်နို...

cover-photo

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေးတွင် တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာ သတင်းအချက်အလက်အင်စတီကျုနှင့် ပီကင်းတက္ကသိုလ်တို့ ပူးတွဲရေးသားပြုစုသည့် "၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ AI ဆန်းသစ်တီထွင်မှုအညွှန်းကိန်းအစီရင်ခံစာ" ကို ဇူလိုင် ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။အဆိုပါအစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု (AI) ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံအဆောက်အအုံ၊ အကြီးစား AI မော်ဒယ်များကို စက်မှုလုပ်ငန်းများတွင် အသုံးချမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍတို့၌ အလားအလာသစ်များ ပြသနေကြောင်း သိရသည်။လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ AI အခြေခံအဆောက်အအုံများ ဆက်လက်တိုးချဲ့လျက်ရှိပြီး၊ စွမ်းအင်ပံ့ပိုးမှုစနစ်သည် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကပြောင်းလဲနိုင်သော ကိန်းရှင်သစ်တစ်ခု ဖြစ်လာနေသည်။ စီးပွားရေးလုပ်ငန်းများ၏ AI နည်းပညာအသုံးချမှုပုံစံသည် ယေဘုယျရည်ရွယ်ချက်အဆင့်မှ သတ်မှတ်ထားသော လုပ်ငန်းခွင်အသုံးချမှုများဆီသို့ ဦးတည်ပြောင်းလဲလာနေပြီး၊ လေ့ကျင့်သင်ကြားမှုအဆင့်မှ လက်တွေ့အသုံးချမှု (Inference) အဆင့်သို့လည်းကောင်း၊ တစ်နေရာတည်းတွင် နည်းပညာအသုံးပြုခြင်းမှ လုပ်ငန်းစဉ်တစ်ခုလုံး အသွင်ပြောင်းလဲခြင်း (Whole business process transformation) အထိပါ တိုးတက်ပြောင်းလဲလာနေသည်။ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှုအတွက် အဆောတလျင် လိုအပ်ချက်များရှိနေပြီး တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှုနှင့် အားလုံးပါဝင်နိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများကို ရှုထောင့်မျိုးစုံမှ မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါအစီရင်ခံစာသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၄၆ နိုင်ငံ၏ AI ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများကို ကိန်းဂဏန်းအခြေပြု အကဲဖြတ်ဆန်းစစ်ထားခြင်းဖြစ်ပြီး ကမ္ဘာ့ AI ကဏ္ဍ၏ ယေဘုယျအခင်းအကျင်းနှင့် ပြောင်းလဲလာသော အလားအလာများကို ထင်ဟပ်စေကြောင်း သိရသည်။


news-view-count-icon

10

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

မန္တလေး၌ လျှပ်စစ်မီတာ တရားမဝင်ပြုပြင်ထားမှုကို ကိုယ်တိုင်သတင်းပေးခဲ့သည့် အိမ်ရှင်အား အရေးယူခြင်းမပြုဘဲ ကျေးဇူးတင်ကြောင်း ထုတ်ပြန်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် ယူနန်နှာခေါင်းတိုမျောက် အကောင်ရေ ၃၆၀ ကျော် အုပ်စုလိုက် တွေ့ရှိ

cover-photo
right-arrow-icon