အမေရိကန်နိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းက အာဂျင်တီးနားအသင်းကို အချိန်ပိုတွင် သွင်းယူသည့် အနိုင်ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်သွားခဲ့သည်။ စပိန်အသင်းသည် ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားခဲ့ပြီး အာဂျင်တီးနားအသင်းမှာမူ မိနစ် ၉၀ ပြည့်သည်အထိ ဂိုးပေါက်ကန်သွင်းခွင့် တစ်ကြိမ်မျှမရခဲ့သော်လည်း ဂိုးသမား၏ လက်စွမ်းပြမှုကြောင့် မိနစ် ၉၀ တွင် ၀-၀ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။အချိန်ပို ပွဲကစားချိန်အတွင်း အာဂျင်တီးနားကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးနောက်၊ စပိန်အသင်းက ပိုမိုဖိအားပေးကစားကာ ပွဲကစားချိန် ၁၀၆ မိနစ်တွင် ဖာရန်တောရက်စ်က စပိန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ ဤရှုံးနိမ့်မှုကြောင့် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းအနေဖြင့် နှစ်ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားဆွတ်ခူးနိုင်မည့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။

Jul 20 • 1:37 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 50 | 0 | 0 | 0 |


