back

ကနေဒါတောမီးကြောင့် အမေရိကန်လေထုညစ်ညမ်းရမှုအပေါ် ကနေဒါနိုင်ငံအပေါ် သွင်းကုန်ခွန်တိုးကောက်မည်ဟု ဒေါ်နယ်ထရမ့် ပြောကြား

Jul 19 • 12:58 PM

breaking-news

မြန်မာ

ပြည်ပ

cover

ကနေဒါတောမီးကြောင့် အမေရိကန်လေထုညစ်ညမ်းရမှုအပေါ် ကနေဒါနိုင်ငံအပေါ် သွင်းကုန်ခွန်တိုးကောက်မည်ဟု ဒေါ်နယ်ထရမ့် ပြောကြား

ကနေဒါနိုင်ငံအနောက်တောင်ပိုင်းတွင် လောင်ကျွမ်းနေသည့် တောမီးများမှ မီးခိုးများကြောင့် ဝါရှင်တန်ဒီစီအပါအဝင် အမေရိကန်ပြည်နယ် ၁၂ ခုထက်မနည်းတွင် လေထုညစ်ညမ်းမှုဘေး ကြု...

ကနေဒါနိုင်ငံအနောက်တောင်ပိုင်းတွင် လောင်ကျွမ်းနေသည့် တောမီးများမှ မီးခိုးများကြောင့် ဝါရှင်တန်ဒီစီအပါအဝင် အမေရိကန်ပြည်နယ် ၁၂ ခုထက်မနည်းတွင် လေထုညစ်ညမ်းမှုဘေး ကြုံတွေ့နေရခြင်းမှာ ကနေဒါ၏ သစ်တောထိန်းသိမ်းမှု ပေါ့ဆခြင်းကြောင့်ဖြစ်ပြီး အမေရိကန်အနေဖြင့် ဒေါ်လာဘီလီယံနှင့်ချီ ဆုံးရှုံးနေရသဖြင့် လေထုညစ်ညမ်းမှုကုန်ကျစရိတ်ကို ကနေဒါသွင်းကုန်ခွန်များတွင် ထည့်သွင်းတိုးကောက်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန် ရေးသားဖော်ပြခဲ့သည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးထံသို့လည်း ဖုန်းဆက်မေးမြန်းသွားမည်ဟု ထရမ့်က ဆိုထားပြီး၊ လက်ရှိတွင် ကနေဒါဗြိတိသျှကိုလံဘီယာပြည်နယ်အတွင်း တောမီးများကို ငြှိမ်းသတ်ရန် ကြိုးပမ်းနေရဆဲဖြစ်ကာ အမေရိကန်တာဝန်ရှိသူများကမူ ကျန်းမာရေးထိခိုက်နိုင်ခြေရှိသဖြင့် ဒေသခံများအား အိမ်ထဲ၌သာ နေထိုင်ကြရန် သတိပေးထားကြောင်း သိရသည်။

news-view-count-icon

22