ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ တာလုံကျေးရွာရှိ ဇတ်ကူးဆိပ်တွင် ယနေ့ (ဇူလိုင် ၁၉ ရက်) မနက်အစောပိုင်း ၂ နာရီခွဲခန့်က ကျောက်မဲဘက်သို့ ကမ်းကူးရန် စက်လှေပေါ်သို့ တက်ရောက်ခဲ့သည့် ကားတစ်စီးသည် စက်လှေကြိုးပြတ်ကာ ရေစီးနှင့်အတူ မျောပါနစ်မြုပ်ခဲ့သဖြင့် လူငါးဦး ပျောက်ဆုံးနေကြောင်း ဒေသခံများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံထံမှ သိရသည်။ စက်လှေပေါ်ပါရှိသူ စုစုပေါင်း ခုနစ်ဦးအနက် စက်လှေသမားနှစ်ဦးသာ အသက်ရှင်လျက် ပြန်လည်တွေ့ရှိထားပြီး ကျောက်မဲ နောင်ပိန်မှ ကားသမားများအပါအဝင် ကျန်ငါးဦးမှာ မြစ်ရေတက်ပြီး ရေစီးသန်နေသဖြင့် လက်ရှိအချိန်အထိ ရှာဖွေမတွေ့ရှိသေးပေ။ သီပေါတံတားကို ကားများဖြတ်သန်းခွင့် ပိတ်ထားသည်မှာ ရှစ်လကျော်ကြာမြင့်နေပြီဖြစ်၍ ယခုကဲ့သို့ စက်လှေများဖြင့် စွန့်စားသွားလာနေရခြင်းဖြစ်ကာ၊ ဒေသခံများအနေဖြင့် မိုးရာသီ ရေစီးသန်ချိန်တွင် ရေကြောင်းခရီးသွားလာခြင်းကို အထူးသတိပြုကြရန် အချင်းချင်း နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တာလုံဇက်ကူးဆိပ်တွင် ကားနှင့်စက်လှေ ရေနစ်မြုပ်မှုဖြစ်ပွားပြီး လူငါးဦး ပျောက်ဆုံးနေဆဲဖြစ်
Jul 19 • 12:45 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


