မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများအနေဖြင့် မိုးစပါး၊ ဝါနှင့် မိုးသီးနှံများ စိုက်ပျိုးရာတွင် အဓိကအသုံးပြုသည့် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများကို ဒေသအလိုက် လုံလောက်စွာနှင့် လွတ်လပ်စွာ ဝယ်ယူနိုင်ရေးအတွက် စီစဉ်ပေးထားကြောင်း သိရသည်။ တောင်သူများအတွက် လိုအပ်သော ဓာတ်မြေဩဇာများကို မိမိတို့၏ သက်ဆိုင်ရာ ဒေသအသီးသီးတွင် အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ရန် စီစဉ်ထားရှိပြီး ဖြစ်သည်။ အဆိုပါ ဓာတ်မြေဩဇာများ ဝယ်ယူရေးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက MFSPEA ၏ ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉-၆၆၅၄၀၇၈၉၀ သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Jul 19 • 12:44 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


