ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကျော် ချက်တူချက်ဈေးမှ ဈေးသည်ထောင်ပေါင်းများစွာသည် စီးပွားရေးနှေးကွေးမှုနှင့် ခရီးသွားဆွဲဆောင်မှုအားနည်းခြင်းတို့ကြောင့် လုပ်ငန်းများ ဒေဝါလီခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသဖြင့် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူး ချာချတ်ထံ အကူအညီပေးရန် တောင်းဆိုထားကြောင်း ဒေသတွင်း မီဒီယာတစ်ခုဖြစ်သည့် Drama-addict ဖေ့စ်ဘွတ်ခ်စာမျက်နှာ၏ ဖော်ပြချက်အရ သိရသည်။ ဈေးအတွင်း အလွန်တိတ်ဆိတ်နေပြီး မြို့တော်စည်ပင်ဘက်က ဈေးကွက်မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်း ပံ့ပိုးမှုများ လုံးဝလုပ်ဆောင်ပေးခြင်းမရှိဘဲ ပစ်ထားကြောင်း၊ စည်ပင်အနေဖြင့် အဆိုပါမြေနေရာကို ထိုင်းနိုင်ငံပိုင်ရထားလမ်းဌာနဆီ ပြန်လည်လွှဲပြောင်းပေးရန် ရှိနေသော်လည်း စာချုပ်သက်တမ်းရှိနေသေးသည့်အတွက် ရေတိုစီးပွားရေးကုစားမှုအစီအစဉ်များ အရေးပေါ်လုပ်ဆောင်ပေးရန် ဈေးသည်များက အသနားခံထားကြသည်။ ထို့ပြင် ဥပဒေအရ စည်ပင်ဘက်က ဆိုင်ခန်းငှားခများကို လစဉ်ပုံမှန်ကောက်ခံနေသရွေ့ ကူးသန်းရောင်းဝယ်ရေး ကောင်းမွန်အောင် မြှင့်တင်ပေးရန် ဥပဒေကြောင်းအရ တာဝန်ရှိပြီး၊ လက်ရှိတွင် ရင်းနှီးမြှုပ်နှံရသည်မှာ မတန်တော့ဟုဆိုကာ ပစ်ထားခြင်းမှာ ပြည်သူများကို အခွင့်ကောင်းယူရာ ရောက်နေကြောင်း ဈေးသည်များက ထောက်ပြထားသည်။
စီးပွားရေးကျဆင်းမှုကြောင့် ချက်တူချက်ဈေးသည်ထောင်ပေါင်းများစွာ လုပ်ငန်းပျက်စီးလုနီးပါးဖြစ်နေပြီး ဘန်ကောက်မြို့တော်ဝန်ထံ အရေးပေါ်အကူအညီတောင်းခံ
Jul 19 • 12:46 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


