အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရန်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း အဆင့်မြင့်အရာရှိများနှင့် ဆွေးနွေးရန်အတွက် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ယခုအပတ်အတွင်း သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အထိ ကြာမြင့်မည့် ခရီးစဉ်အတွင်း ရူဘီယိုသည် အာဆီယံဝန်ကြီးအဆင့် ဆွေးနွေးပွဲအပြီး ညီလာခံ၊ အရှေ့အာရှထိပ်သီး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံဒေသတွင်း ဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ တွမ်မီ ပီဂေါ့တ်၏ ပြောကြားချက်အရ သိရသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သည့်နှစ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့သော အာဆီယံအစည်းအဝေးသို့လည်း တက်ရောက်ခဲ့ဖူးကြောင်း သိရသည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို မနီလာသို့ သွားရောက်မည်
Jul 19 • 12:41 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


