ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်း၊ လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် လာမည့် ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အတွင်း နိုင်ငံအနှံ့ ဒေသအများအပြားတွင် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၁၉ ရက်) နံနက်ပိုင်းတွင် သတိပေးချက် ထုတ်ပြန်ထားသည်။ ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ကြုံတွေ့ရနိုင်သည့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များကို ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။
ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အတွင်း ဒေသအများအပြား၌ မိုးကြီးနိုင်သဖြင့် ရေကြီးမြေပြိုဘေးအန္တရာယ်ကို အထူးသတိပြုရန် မိုးဇလနှိုးဆော်
Jul 19 • 12:39 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


