ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ဆယ်ကျော်သက်လူငယ်များ၊ မိဘအုပ်ထိန်းသူများ၊ ဆရာ/ဆရာမများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ အားလုံးအတွက် ရည်ရွယ်၍ “ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန်များ၊ နီကိုတင်းထုတ်ကုန်အသစ်များနှင့် ကွမ်းသီးသုံးစွဲမှုဆိုင်ရာ အယူအဆမှားများနှင့် သိကောင်းစရာများအကြောင်း စကားဝိုင်း” ကို လာမည့် ဇူလိုင် ၂၄ ရက်နေ့တွင် မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ဆွေးနွေးပွဲသည် လူငယ်များအကြား ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်များကို ပိုမိုသိရှိနားလည်စေရန်နှင့် အယူအဆမှားများကို ပြုပြင်ပေးနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆယ်ကျော်သက်လူငယ်များအတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးစကားဝိုင်း ပြုလုပ်မည်
Jul 19 • 12:37 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


