လက်ရှိ ကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိသည့်အသင်းကို ဖလားနှင့် ရွှေတံဆိပ်များအပြင် ကစားသမား ၃၀ စလုံးအတွက် တစ်ကွင်းလျှင် အမေရိကန်ဒေါ်လာ ၃ သောင်းမှ ၅ သောင်းကြား တန်ဖိုးရှိ စိန်စီရွှေလက်စွပ်များကို ကမ္ဘာ့ဖလားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ထပ်မံချီးမြှင့်သွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲပြီးဆုံးချိန်တွင် ယာယီလက်စွပ်များကိုသာ အရင်ပေးအပ်ကာ နောက်ပိုင်းမှ လက်ချောင်းအရွယ်အစားအလိုက် အတိအကျ ပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် အမှတ်တရသိမ်းဆည်းလိုသူများအတွက်လည်း နံပါတ်စဉ်တပ်ထားသည့် အသိအမှတ်ပြုလက်စွပ်ပေါင်း ၁,၉၉၆ ကွင်းကို ထပ်မံရောင်းချပေးသွားမည်ဖြစ်၍ ကမ္ဘာပေါ်တွင် ယင်းလက်စွပ် စုစုပေါင်း ၂,၀၂၆ ကွင်းသာ ရှိမည်ဖြစ်ကြောင်း ဖီဖာ (FIFA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် စိန်စီရွှေလက်စွပ်များပါ ထပ်မံချီးမြှင့်မည်
Jul 19 • 10:55 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 33 | 0 | 0 | 0 |


