ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့၌ ဗြိတိန်သံရုံး (ရန်ကုန်) က မြန်မာပြည်သူပြည်သားများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားစွာ ဂုဏ်ပြုဦးညွှတ်ပါကြောင်း ထုတ်ပြန်ကြေညာထားသည်။မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်တွင် လွတ်လပ်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် ကြိုးပမ်းရင်း သွေးမြေကျခဲ့ရသည့် ခေါင်းဆောင်ကြီးများ၏ ပေးဆပ်မှုကို အောက်မေ့သတိရကြောင်း ဖော်ပြထားသည်။ထို့ပြင် ငြိမ်းချမ်းပြီး လွတ်လပ်သော ဒီမိုကရေစီအနာဂတ်တစ်ရပ်ကို မျှော်မှန်းတည်ဆောက်နေကြသည့် မြန်မာနိုင်ငံသားအားလုံးနှင့်အတူ ဗြိတိန်နိုင်ငံအနေဖြင့် တစ်သားတည်း စည်းလုံးညီညွတ်စွာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းအသိပေးထားသည်။
Jul 19 • 3:27 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 48 | 0 | 0 | 0 |


