ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသော မံဆောင်းတံတားကို လူစီးကားနှင့် ကုန်ကားအသေးများအပြင် ယခုအခါ ၆ ဘီးကားများပါ ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသခံများနှင့် ကုန်သည်များထံမှ သိရသည်။ အဆိုပါတံတားမှာ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က မိုင်းခွဲခံရသဖြင့် ပျက်စီးသွားခဲ့သော်လည်း ရပ်ရွာလူငယ်များနှင့် ဒေသခံများက ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ခဲ့ကြခြင်း ဖြစ်သည်။လက်ရှိတွင် ကားကြီးများ တိုက်ရိုက်ဖြတ်သန်းရန် အခက်အခဲရှိနေသေးသဖြင့် ကလေးမြို့ဘက်မှ တက်လာသည့် ကုန်ကားများသည် လမ်းဇန်ရွာ၌ ကုန်ပစ္စည်းများကို တစ်ဆင့်ချင်း ပြောင်းရွှေ့အတင်အချလုပ်ကာ သယ်ယူနေကြရကြောင်း သိရသည်။ ထို့ပြင် ရိဒ်ခေါဒါရ်မှ တီးတိန်သို့ သွားသည့် လမ်းခရီးတစ်လျှောက်တွင် ဂိတ်ကြေးနှင့် အခွန်အခများပြားသဖြင့် ကုန်ကျစရိတ်များ အဆမတန် မြင့်တက်နေကြောင်းလည်း ကုန်ကားမောင်းသူများထံမှ သိရသည်။
Jul 19 • 3:28 AM
မြန်မာ
ချင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


