back

ဗီယက်နမ်၏ အီသနောဝယ်လိုအား လီတာ ၁၁ ဘီလီယံနီးပါးအထိ မြင့်တက်လာ

Jul 19 • 3:06 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်၏ အီသနောဝယ်လိုအား လီတာ ၁၁ ဘီလီယံနီးပါးအထိ မြင့်တက်လာ

ဗီယက်နမ်နိုင်ငံတွင် E10 ဇီဝလောင်စာ (Biofuel) ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြန့်ဖြူးလိုက်ခြင်းကြောင့် ယခုနှစ်အတွင်း အီသနော (Ethanol) သုံးစွဲမှုသည် လီတာ ...

ဗီယက်နမ်နိုင်ငံတွင် E10 ဇီဝလောင်စာ (Biofuel) ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြန့်ဖြူးလိုက်ခြင်းကြောင့် ယခုနှစ်အတွင်း အီသနော (Ethanol) သုံးစွဲမှုသည် လီတာ ၁၁ ဘီလီယံ (ဂါလန် ၂.၉ ဘီလီယံခန့်) အထိ သိသိသာသာ မြင့်တက်လာမည်ဖြစ်ရာ ဗီယက်နမ်သို့ အီသနော အဓိကတင်ပို့နေသည့် အမေရိကန်ပြည်ထောင်စုအတွက် ဈေးကွက်အခွင့်အလမ်းကြီးမားစွာ ပေါ်ပေါက်လာကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) က ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်ကာ ဗီယက်နမ်တွင် ရောင်းချနေသည့် RON95 ဓာတ်ဆီအားလုံး၌ အီသနော ၁၀ ရာခိုင်နှုန်း မဖြစ်မနေ ထည့်သွင်းစပ်ရမည်ဟူသော E10 မူဝါဒကို ပြဋ္ဌာန်းလိုက်ခြင်းက ယခုကဲ့သို့ ဝယ်လိုအား အဆမတန် မြင့်တက်လာစေခြင်း ဖြစ်သည်။ဗီယက်နမ်စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ တွက်ချက်မှုများအရ တစ်နိုင်ငံလုံးတွင် E10 ဓာတ်ဆီ စပ်ရန်အတွက် တစ်လလျှင် အီသနော ကုဗမီတာ ၉၂,၀၀၀ မှ ၁၀၀,၀၀၀ အထိ လိုအပ်သော်လည်း ပြည်တွင်း၌ တစ်လလျှင် ကုဗမီတာ ၂၅,၀၀၀ ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ၂၅ မှ ၃၀ ရာခိုင်နှုန်းသာ ဖြည့်ဆည်းနိုင်သည်။ ထို့ကြောင့် ကျန်ရှိသည့် အီသနော အများအပြားကို ပြည်ပမှ တင်သွင်းရမည်ဖြစ်ရာ အမေရိကန်လုပ်ငန်းရှင်များအတွက် အဓိကပို့ကုန်ဈေးကွက် ဖြစ်လာသည်။ ယင်းကဲ့သို့ တင်သွင်းမှု လွယ်ကူစေရန် ဗီယက်နမ်အစိုးရသည် အီသနောအပေါ် ကောက်ခံသည့် သွင်းကုန်ခွန်ကိုလည်း ၁၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးထားသည်။

news-view-count-icon

6