ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း အစာကုန်ကြမ်းစရိတ်၊ လုပ်သားခနှင့် ခြံဆောက်လုပ်ရေးစရိတ် စသည့် အထွေထွေကုန်ကျစရိတ်များ ကြီးမြင့်လာခြင်းကြောင့် ကြက်မွေးမြူသူများ သိသာစွာ လျော့နည်းလာနေကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းက ပြည်ပမှ ကြက်မျိုးစိတ် တင်သွင်းခွင့်မရခဲ့သဖြင့် ကြက်ပေါက် ရှားပါးပြီး မွေးမြူသူနည်းပါးသွားခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ကြက်မျိုးစိတ်များ ပြန်လည်တင်သွင်းခွင့်ရရှိနေပြီဖြစ်သော်လည်း ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ဆက်လက်ရုန်းကန်နေရဆဲ ဖြစ်ကြောင်း သိရသည်။ထို့ပြင် ကြက်မွေးမြူသူများအနေဖြင့် ခြံအရောက် အရှင်ဖမ်းဈေးမှာ တစ်ပိဿာလျှင် ၁၇,၀၀၀ ကျပ်ဝန်းကျင်သာ ရရှိပြီး အရှုံးပေါ်နေသော်လည်း ပြင်ပလက်လီဈေးကွက်တွင်မူ ကြက်သားဈေးနှုန်းများမှာ နေ့စဉ်မြင့်တက်နေကြောင်း သိရသည်။ ယခုရက်သတ္တပတ်အတွင်း ရှမ်းတောင်ဒေသ လက်လီဈေးကွက်၌ ကြက်သားတစ်ပိဿာလျှင် ၃၀,၀၀၀ ကျပ်မှ ၃၂,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသဖြင့် မွေးမြူသူ ထုတ်လုပ်သူများနှင့် စားသုံးသူဈေးကွက်ကြား ဈေးနှုန်းကွာဟချက် အလွန်ကြီးမားနေကြောင်း သိရသည်။
Jul 19 • 3:05 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 17 | 0 | 0 | 0 |


