ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်ရှိ ပန်းရွှေဝါပန်းခြံအနီး၊ ပန်းတနော်မြစ်အတွင်း၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် မအူပင်ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပန်းတနော်မြစ်အတွင်း ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။၎င်းအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းဝင်များ၊ ကြက်ခြေနီအသင်းသားများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်းအင်အား ၇၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဘေးအန္တရာယ်များ ကြုံတွေ့ရပါက အရေးပေါ်ဖုန်းနံပါတ် Hotline ၁၉၁ နှင့် သက်ဆိုင်ရာ ကွပ်ကဲမှုရုံးဖုန်းများသို့ အချိန်နှင့်တပြေးညီ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Jul 19 • 2:28 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 13 | 0 | 0 | 0 |


