back

ရန်ကုန်နှင့် မန္တလေးမြို့ရှိ အစိုးရကျောင်းများကို ပေါင်းစည်းပြီး ကျောင်းအဆင့် ပြောင်းလဲသတ်မှတ်ခြင်းများ စတင်လုပ်ဆောင်နေပြီဖြစ်

Jul 19 • 2:27 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်နှင့် မန္တလေးမြို့ရှိ အစိုးရကျောင်းများကို ပေါင်းစည်းပြီး ကျောင်းအဆင့် ပြောင်းလဲသတ်မှတ်ခြင်းများ စတင်လုပ်ဆောင်နေပြီဖြစ်

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ကျောင်းသားဦးရေ လျော့နည်းလာခြင်းကြောင့် အစိုးရအခြေခံပညာကျောင်းများကို ပေါင်းစည်းပြီး ကျောင်းအဆင့် ပြောင်းလဲသတ်မှတ်သည့် စီမံချက...

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ကျောင်းသားဦးရေ လျော့နည်းလာခြင်းကြောင့် အစိုးရအခြေခံပညာကျောင်းများကို ပေါင်းစည်းပြီး ကျောင်းအဆင့် ပြောင်းလဲသတ်မှတ်သည့် စီမံချက်ကို စတင်အကောင်အထည်ဖော်နေကြောင်း ပညာရေးအသိုင်းအဝိုင်းထံက သိရသည်။ လက်ရှိတွင် လှိုင်၊ ကြည့်မြင်တိုင်နှင့် အလုံမြို့နယ်တို့အပါအဝင် ကျောင်းသားဦးရေနည်းသည့် နေရာများရှိ အထက်တန်းကျောင်းအချို့ကို အလယ်တန်းအဆင့်၊ အလယ်တန်းကျောင်းအချို့ကို မူလတန်းအဆင့်နှင့် မူလတန်းလွန်ကျောင်းအချို့ကို မူလတန်းကျောင်းအဖြစ် ပြောင်းလဲသတ်မှတ်မှုများ စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားဦးရေ လျော့နည်းလာချိန်တွင် ဆရာ၊ ဆရာမဦးရေ ပိုများနေသည့် အခြေအနေကို ပြန်လည်ညှိနှိုင်းနိုင်ရန် ယခုစီမံချက်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ အဆင့်လျှော့ချခံရသည့် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို အနီးအနားရှိ အခြားအစိုးရကျောင်းများတွင် ဆက်လက်ပညာသင်ကြားနိုင်ရန် ပြောင်းရွှေ့တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး၊ ပိုလျှံလာသည့် ဆရာ၊ ဆရာမများကိုလည်း လိုအပ်နေသည့် ကျောင်းများသို့ ပြန်လည်ခွဲဝေတာဝန်ပေးသွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို ရန်ကုန်မြို့မတိုင်မီ မန္တလေးတိုင်းဒေသကြီးရှိ ကျောင်းအချို့တွင်လည်း စတင်ဆောင်ရွက်နေခဲ့ပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

24