ဧရာဝတီတိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းမှုကြောင့် မြို့နယ် ၁၀ ခုထက်မနည်းရှိ မြေနိမ့်ပိုင်းလယ်ကွင်းများ ရေကြီးနစ်မြုပ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်းသိရသည်။ သွင်းအားစုစရိတ်ကြီးမြင့်ချိန်တွင် စပါးခင်းများ ပျက်စီးဆုံးရှုံးပါက အကြွေးထပ်တင်မည့်အရေးကို တောင်သူများ စိုးရိမ်နေကြပြီး ရေဘေးလွတ်လျှင်လည်း ရွှေခရုအန္တရာယ်ကို ထပ်မံရင်ဆိုင်ရဦးမည်ဖြစ်သည်။ လက်ရှိတွင် စပါးဈေးမကောင်းခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရန် ဖိအားပေးခံရမှုများကြောင့် ယခုနှစ် မိုးစပါးစိုက်ပျိုးမှုမှာ ထက်ဝက်နီးပါးအထိ သိသာစွာ လျော့ကျသွားကြောင်း သိရသည်။
Jul 19 • 2:29 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 20 | 0 | 0 | 0 |


