back

ထိုင်းနိုင်ငံတွင် စက်သုံးဆီနှင့် ကုန်သွယ်ရေးကဏ္ဍများ အရှေ့အလယ်ပိုင်း ရေလမ်းကြောင်းများ ပိတ်ဆို့မည့်အရေးကြောင့် ထိခိုက်နိုင်

Jul 19 • 2:15 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် စက်သုံးဆီနှင့် ကုန်သွယ်ရေးကဏ္ဍများ အရှေ့အလယ်ပိုင်း ရေလမ်းကြောင်းများ ပိတ်ဆို့မည့်အရေးကြောင့် ထိခိုက်နိုင်

အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းကြောင့် အာရှနှင့် ဥရောပအကြား ကုန်စည်စီးဆင်းမှုအတွက် အဓိကကျသည့် ဘက်ပ်အယ်လ်မန်ဒက် (Bab el-Mandeb) ရေလက်ကြာ...

အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းကြောင့် အာရှနှင့် ဥရောပအကြား ကုန်စည်စီးဆင်းမှုအတွက် အဓိကကျသည့် ဘက်ပ်အယ်လ်မန်ဒက် (Bab el-Mandeb) ရေလက်ကြား သွားလာရေး ပြတ်တောက်နိုင်သည့် အန္တရာယ်ရှိနေကြောင်း Nation Thailand သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ရေလမ်းကြောင်း ပိတ်ဆို့မှုဖြစ်လာပါက ကုန်တင်သင်္ဘောများအနေဖြင့် အာဖရိကတိုက်ကို ပတ်၍ သွားရမည်ဖြစ်သဖြင့် ခရီးစဉ် သီတင်းပတ်ပေါင်းများစွာ ပိုမိုကြာမြင့်သွားမည့်အပြင်၊ ရေကြောင်းကုန်စည်သယ်ယူခနှင့် အာမခံကြေး ဝန်ဆောင်ခများပါ ဆထက်ထမ်းပိုး မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် လောင်စာစွမ်းအင်အတွက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းတင်သွင်းမှုအပေါ် ၅၈ ရာခိုင်နှုန်းအထိ အမှီပြုနေရသဖြင့် ဟော်မုဇ် (Hormuz) ရေလက်ကြားနှင့် ဘက်ပ်အယ်လ်မန်ဒက် ရေလက်ကြားတို့ ပြိုင်တူပိတ်ဆို့ခံရပါက ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းနှင့် လျှပ်စစ်မီတာခများ တဟုန်ထိုး မြင့်တက်သွားနိုင်သည့်အပြင် ငွေကြေးဖောင်းပွမှုကိုပါ ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် ဥရောပနှင့် အရှေ့အလယ်ပိုင်းသို့ တင်ပို့မည့် ပို့ကုန်များ ကြန့်ကြာကုန်ပြီး ထိုင်းဘတ်ငွေ ဘီလီယံနှင့်ချီသည့် ပို့ကုန်တန်ဖိုးများ ပိတ်မိနေနိုင်သဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) များတွင် ငွေကြေးလည်ပတ်မှု အခက်အခဲများ ချက်ချင်း ကြုံတွေ့ရနိုင်ကာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ နှေးကွေးသွားစေနိုင်ကြောင်း သိရသည်။

news-view-count-icon

14