back

ပြည်တွင်း၌ ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီဈေးများ ငြိမ်နေသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ

Jul 19 • 2:12 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီဈေးများ ငြိမ်နေသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ

ပြည်တွင်းရွှေဈေး၊ အမေရိကန်ဒေါ်လာဈေးနှင့် စက်သုံးဆီရည်ညွှန်းဈေးများ အနည်းငယ်ငြိမ်နေသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်ရက်ထက်တစ်ရက် ဆက်လက်မြင့်တက်နေသည...

ပြည်တွင်းရွှေဈေး၊ အမေရိကန်ဒေါ်လာဈေးနှင့် စက်သုံးဆီရည်ညွှန်းဈေးများ အနည်းငယ်ငြိမ်နေသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်ရက်ထက်တစ်ရက် ဆက်လက်မြင့်တက်နေသည်။ လက်ရှိတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော်မှ နှစ်သိန်းကျော်၊ စားသုံးဆီတစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင်၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၅,၀၀၀ မှ ၆,၀၀၀ နှင့် ကြက်ဥတစ်လုံးလျှင် ကျပ် ၇၀၀ ဝန်းကျင်အထိ ရှိနေသည်။ အသင့်စားခေါက်ဆွဲထုပ်နှင့် လူသုံးကုန်ပစ္စည်းများလည်း ယခင်ထက် ခေါက်ချိုးနီးပါး ဈေးတက်လာကြောင်း သိရသည်။စက်သုံးဆီဈေးကွက်တွင် ရည်ညွှန်းဈေးများ ကျဆင်းနေသော်လည်း ခွဲတမ်းလျှော့ချမှုနှင့် မှောင်ခိုဈေးကွက်ကြောင့် ဆီဆိုင်အများစုတွင် ဆီပြတ်လပ်ပြီး ဝယ်ယူရန် ခက်ခဲနေသည်။ စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်အရ လုံခြုံရေးအခြေအနေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားခြင်း၊ သွင်းအားစုဈေးကြီး၍ ပြည်တွင်းထုတ်လုပ်မှုကျဆင်းခြင်းနှင့် ကျပ်ငွေတန်ဖိုးကျဆင်းမည်ကို စိုးရိမ်ကာ ကုန်ပစ္စည်းများသိုလှောင်၍ မှောင်ခိုဈေးကစားခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေရခြင်း ဖြစ်သည်။

news-view-count-icon

32