back

ကမ္ဘာ့ဖလားတွင် ပြင်သစ်ကို ၆ ဂိုး ၄ ဂိုးဖြင့် အနိုင်ယူပြီး အင်္ဂလန်အသင်း တတိယဆု ဆွတ်ခူး

Jul 19 • 2:03 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့ဖလားတွင် ပြင်သစ်ကို ၆ ဂိုး ၄ ဂိုးဖြင့် အနိုင်ယူပြီး အင်္ဂလန်အသင်း တတိယဆု ဆွတ်ခူး

၂၀၂၆ ကမ္ဘာ့ဖလား တတိယနေရာလုပွဲတွင် အင်္ဂလန်အသင်းက ပြင်သစ်အသင်းကို ၆ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိကာ တတိယဆုကို သိမ်းပိုက်ရယူသွားခဲ့သည်။ အင်္ဂလန်အသင်းသည် အဓိကကစားသမာ...

၂၀၂၆ ကမ္ဘာ့ဖလား တတိယနေရာလုပွဲတွင် အင်္ဂလန်အသင်းက ပြင်သစ်အသင်းကို ၆ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိကာ တတိယဆုကို သိမ်းပိုက်ရယူသွားခဲ့သည်။ အင်္ဂလန်အသင်းသည် အဓိကကစားသမားအများစုကို အနားပေးပြီး အရန်လူများဖြင့် ပွဲထွက်ခဲ့သော်လည်း ပထမပိုင်းတွင် ၄ ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ပြင်သစ်အသင်းက တိုက်စစ်မြှင့်ကာ ဂိုးများအပြန်အလှန် သွင်းယူခဲ့ကြသော်လည်း ပွဲအပြီးတွင် အင်္ဂလန်က ၆ ဂိုး ၄ ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ယခုပွဲစဉ်သည် လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂိုးအများဆုံးပွဲစဉ်တစ်ခု ဖြစ်ခဲ့ပြီး အင်္ဂလန်တောင်ပံကစားသမား ဆာကာက ဟက်ထရစ် သွင်းယူခဲ့သည်။ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကလည်း ၂ ဂိုး သွင်းယူခဲ့သဖြင့် စုစုပေါင်း သွင်းဂိုး ၁၀ ဂိုးဖြင့် ရွှေဖိနပ်ဆုရရှိရန် ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့သည်။ နည်းပြတူဟယ်လ် ကိုင်တွယ်သည့် အင်္ဂလန်အသင်းသည် တတိယဆုဖြင့် အိမ်ပြန်မျက်နှာပန်းလှခဲ့ပြီး ပြင်သစ်အသင်းမှာမူ စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

news-view-count-icon

50