ပြည်တွင်း၌ ကြက်ဥဈေးနှုန်းများ ဆက်လက်မြင့်တက်ခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာအစုအဖွဲ့များအနေဖြင့် ကြက်ဥဖြန့်ဖြူးရောင်းချသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် အများပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေသည့် အစီအမံများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။လတ်တလောတွင် ကာကွယ်ဆေးများနှင့် တိရစ္ဆာန်အစာကုန်ကြမ်းကဲ့သို့သော မွေးမြူရေးသွင်းအားစု လိုအပ်ချက်များကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်လာခြင်းဖြစ်သည်။ ထို့ပြင် ယခင်နှစ်များအတွင်း ဥစားကြက်ပေါက် ထုတ်လုပ်မှုနှင့် ဝယ်လိုအား အချိန်ကိုက်မဖြစ်ခဲ့ခြင်း၊ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ကြက်ရောဂါကျရောက်မှုများကြောင့် ကြက်ဥထုတ်လုပ်မှုနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးထောက်ပံ့နိုင်မှု သိသာစွာလျော့နည်းသွားခြင်းတို့ကြောင့် ယခုကဲ့သို့ ကြက်ဥဈေးနှုန်းများ ပြောင်းလဲမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ကြက်ဥဈေးနှုန်း ဆက်လက်မြင့်တက်ခြင်းမရှိစေရန် ဆောင်ရွက်သွားမည်ဟု မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ထုတ်ပြန်
Jul 19 • 1:29 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


