၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဘရာဇီးဂန္ထဝင်ဘောလုံးသမား ပီလီ ဝတ်ဆင်ခဲ့သည့် အပြာရောင် နံပါတ် ၁၀ ဂျာစီအင်္ကျီကို Sotheby လေလံကုမ္ပဏီမှတစ်ဆင့် ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ အဆိုပါအင်္ကျီမှာ ဆွီဒင်နှင့်ပွဲတွင် အသက် ၁၇ နှစ်အရွယ် ပီလီက ၂ ဂိုးသွင်းယူကာ ဘရာဇီးအသင်းကို ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့စဉ်က ဝတ်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ပီလီနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းများအနက် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၄ ခုနှစ်က ကန်ဒေါ်လာ ၁၀၅,၆၀၀ သာ တန်ကြေးရှိခဲ့သော ယင်းဂျာစီသည် လေလံဆွဲသူ ၅ ဦးထက်မနည်းက ၁၀ ကြိမ်ကျော် အပြိုင်အဆိုင် လေလံဆွဲခဲ့ကြပြီးနောက် ယခုကဲ့သို့ ဒေါ်လာ ၄ သန်းကျော်အထိ တန်ကြေးမြင့်တက်ကာ ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပီလီ ဝတ်ဆင်ခဲ့သည့် ဂျာစီအင်္ကျီကို ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် စံချိန်တင် လေလံအောင်မြင်
Jul 18 • 11:57 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


