ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ပတ္တမြားမယ်စက်သုံးဆီဆိုင်ပိုင်ရှင်၏သားဖြစ်သူ မောင်မင်းထည်ဝါ၏ ၂၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ (ဇူလိုင် ၁၈ ရက်) တွင် ဒေသခံအခြေခံလူတန်းစား လူဦးရေ ၂၆၀၀ အား တစ်ဦးလျှင် ဆန် ၃ ပြည်၊ ဆီ ၁ ဗူးနှင့် ငါးသေတ္တာ ၅ ဗူးစီကို စနစ်တကျ ခွဲဝေလှူဒါန်းပေးအပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပတ္တမြားမယ်စက်သုံးဆီဆိုင်ပိုင်ရှင် မိသားစုသည် မြဝတီမြို့ရှိ အခြေခံလူတန်းစားများအတွက် ငွေကြေးအပြင် ဆန်၊ ဆီ၊ ဆေး၊ ဆားနှင့် စက်သုံးဆီများကိုလည်း မကြာခဏ လှူဒါန်းလေ့ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်၊မြဝတီမြို့ရှိ ပတ္တမြားမယ်စက်သုံးဆီဆိုင်မှ မွေးနေ့အထိမ်းအမှတ်အဖြစ် အခြေခံလူတန်းစား လူဦးရေ ၂၆၀၀ အား ဆန်၊ ဆီနှင့် ငါးသေတ္တာဗူးများ လှူဒါန်း
Jul 18 • 11:49 AM
မြန်မာ
ကရင်
မျှဝေမည်
| 22 | 0 | 0 | 0 |


